ဘေးကင်းလုံခြုံရေးဦးစားပေးသည်
သင့်ကို ဘေးကင်းလုံခြုံစေပြီး လိုအပ်သော အထောက်အပံ့ ရရှိစေဖို့က helpline အဖွဲ့သားများ၏ ပထမဦးဆုံးပေး အရာပဲဖြစ်ပါတယ်။
Stop Online Harm (SOH) သည် အရှေ့တောင်အာရှတစ်၀ှမ်းရှိ နည်းပညာအသုံးပြုပြီး ဖြစ်ပေါ်လာသည့် ဂျဲန်ဒါအခြေပြု အကြမ်းမှုများ၊ အွန်လိုင်းမှ စော်ကားနှောက်ယှက်မှုများကို ခံစားနေရသူများကို အခမဲ့ ကူညီထောက်ပံ့ပေးရန် ရည်ရွယ်ပြီး ဖွဲ့စည်းထားသည့် အမျိုးသမီးများ ဦးဆောင်သော အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်ပါတယ်။ SOH အဖွဲ့သားများသည့် မတူကွဲပြားသော နောက်ခံ၊ကျွမ်းကျင်မှုနယ်ပယ် အသီးသီးတွင်ရှိကြသူများဖြစ်သော်လည်း ဒစ်ဂျစ်တယ်တိုက်ခိုက်မှုများကို ကြုံတွေ့ခံစားနေရသူများကိုကူညီရန် တူညီသော စိတ်အားထက်သန်မှုရှိကြသူများ ဖြစ်ပါတယ်။ ပါ၀င်လုပ်ဆောင်လျက်ရှိတဲ့ အဖွဲ့သားများအနေနဲ့လည်း ကိုယ်တိုင် နည်းပညာအသုံးချ၊ဂျဲန်ဒါအခြေပြု စော်ကားနှောက်ယှက်မှုများကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ပြီး ကျော်လွှားဖြတ်သန်းခဲ့သူများ ဖြစ်သော်ကြောင့် သင်ခံစားကြုံတွေ့နေရသည့် အခြေအနေကို ကိုယ်စား နားလည်သဘောပေါက်ပါတယ်။ ဒါကြောင့် သင့်ဘက်မှာ ရပ်တည်ပြီး အတူတူရင်ဆိုင်ကျော်လွှားနိုင်ဖို့ ရှိနေပါတယ်။
ပထမဆုံးအနေဖြင့် ခံစားနေရသူသည် မိမိ ကေစ့်အခြေအနေကို ပြောပြတင်ပြခြင်းဖြင့် စတင်ဆက်သွယ်ပါသည်။ helpline အဖွဲ့သားများမှ ရရှိလာသော သတင်းအချက်များကို စီစစ်ကာ သင်ကြုံတွေ့နေရသော အန္တရာယ်ကို အကဲဖြတ်ပြီးနောက် ဖုန်းခေါ်ဆိုပြီးဖြစ်စေသို့မဟုတ် စာတိုပေးပို့ခြင်းဖြင့် ဖြစ်ရပ်အသေးစိတ်ကို ဆက်လက်မေးမြန်းပြီး နောက်ဆက်တွဲ လုပ်ဆောင်ရမည့် အဆင့်များအတွက် အကြံပြုချက်နှင့် လမ်းညွှန်မှုများကို ပေးအပ်မှာဖြစ်ပါတယ်။
သင့်ကို ဘေးကင်းလုံခြုံစေပြီး လိုအပ်သော အထောက်အပံ့ ရရှိစေဖို့က helpline အဖွဲ့သားများ၏ ပထမဦးဆုံးပေး အရာပဲဖြစ်ပါတယ်။
Helpline အဖွဲ့သား ကျွမ်းကျင်သူ အကူအညီပေးသူများက သင့်ဖြစ်ရပ်ကို စီစစ်ကာ သင့်အနေဖြင့် လုပ်ဆောင်နိုင်မည်အရာများ၊ ရွေးချယ်စရားများကို နားလည်စေရန် ကူညီပေးပါတယ်။
နောက်ထပ်လုပ်ဆောင်နိုင်မည့် အရာများကို သင်ကိုယ်တိုင် ဆုံးဖြတ်နိုင်ပြီး အဖွဲ့သား ကူညီပေးသူအနေနဲ့ အဆင့်တိုင်းတွင် သင့်ကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
သင့်အတွက် သင့်လျော်သည်ဟု ခံစားရသော အထောက်အပံ့ကို ရွေးချယ်ပါ။